Posted by: neking | December 14, 2010

မွေးနေ့

ပြောရရင်ဒီနေ့ကျွန်တော့်မွေးနေ့ပါ။

မှတ်မှတ်ရရမွေးနေ့အတွက်ဘာမှစိတ်ကူးမရှိဘူး။အရင်ကတည်းကလည်းမွေးနေ့အတွက်ဒီလောက်

စိတ်ထဲမထားပါဘူး။ ဒါပေမယ့်ဒီနေ့မှာတွေးမိတာတွေရှိတယ်။ပထမကိုယ့်မိဘနှစ်ပါးပေါ့။

အသက်တွေကြီးလာတော့ရင်ထဲမှာရှိပေမယ့်တွေ့ရင်ပြောမထွက်ခဲ့တဲ့စကားတွေအများကြီးပါ။

ဥပမာ..အရမ်းကိုလွယ်ကူလွန်းတဲ့….ဖေဖေနဲ့မေမေကိုသားအရမ်းချစ်တယ်ဆိုတာမျိုးပေါ့။

ကျွန်တော်မပြောဖြစ်ခဲ့ပါဘူး။ကျွန်တော့်ကိုမွေးထုတ်ပြီးကြီးပြင်းအောင်ကျွေးမွေးစောင့်ရှောက်ခဲ့လို့

ဒီအရွယ်၊ဒီအသိဥာဏ်ရခဲ့တာပါ။မွေးမိခင်နဲ့ကျွေးဖခင်တို့ရဲ့မေတ္တာကို…မှန်းဆရှိခိုးကန်တော့ပါတယ်။

ဒီခေတ်ကြီးမှာလူတစ်ယောက်ဖြစ်ဖို့.ရှင်သန်နေထိုင်ဖို့နဲ့ရပ်တည်မှုအမျိုးမျိုးအတွက်ရုန်းကန်ရတာက

ပင်ပန်းဆင်းရဲလွန်းပါတယ်။ဒါကိုစိန်ခေါ်မှုလုပ်ပြီးလူတစ်ယောက်အဖြစ်ရှင်သန်ခွင့်ပေးခဲ့တဲ့

အဖေနဲ့အမေကိုကျေးဇူးအရမ်းတင်ပါတယ်လို့ပြောချင်ပါတယ်။

………..

ဒုတိယကဆရာသမားတွေပေါ့..မြင်ဆရာ၊ကြားဆရာ၊သင်ဆရာအကုန်လုံးပါပဲ။ဒီအသက်အရွယ်မှာ

ရပ်တည်မှုတစ်ခုနဲ့ယုံကြည်မှုတစ်ခုရအောင်..ပညာသင်ပေးခဲ့တဲ့သမားအားလုံးကိုရိုသေစွာဂါရ၀ပြုပါတယ်။

ဆရာတွေနဲ့ပတ်သက်လို့အမှတ်တရတွေအများကြီးတော့မရှိပါဘူး။တတိယအနေနဲ့ကတော့ကျွန်တော့်ရဲ့

အပေါင်းအသင်းရောင်းရင်းတွေပါ။ဘ၀ရဲ့ပျော်ရွှင်မှုအစိတ်အပိုင်းတော်တော်များများဟာသူတို့မရှိပဲမဖြစ်လာနိုင်ပါဘူး။

စိတ်ဓာတ်ကျလို့အားပေးနိုင်တာထက်..သူတို့ရှိလို့…အားတက်နေတာမျိုးကိုပိုကြိုက်ပါတယ်။

သေအတူခင်မကွာရှိနိုင်အောင်ကြိုးစားကြတာပေါ့ကွာ။

………..

စတုတ္ထအနေနဲ့ကျေးဇူးတင်ရမှာ..ကျွန်တော့်အနားမှာတသက်လုံးရှိနေပေးနိုင်မယ့်သူတစ်ယောက်ပေါ့။

နားလည်မှုတစ်ခုနဲ့ကျွန်တော့်ဘ၀ကြီးတစ်ခုလုံးတည်ဆောက်ဖို့လိုအပ်တဲ့ခွန်အားတွေသူ့ဆီကရပါတယ်။

ဘ၀ရဲ့ခက်ခဲတဲ့အပိုင်းတွေမှာ..သူကဘေးမှာရှိနေတတ်ပါတယ်။သူ့ရဲ့အားပေးမှုကိုအမြဲတမ်းလိုအပ်ပါတယ်။

………..

ဒီနှစ်မှာဘလော့ကိုလုံးဝလှည့်မကြည့်ဖြစ်ပါဘူး။ပိုစ့်တွေလည်းမရေးဖြစ်ပါဘူး။သူငယ်ချင်းတွေရဲ့

ဘလော့တွေတော့မှန်မှန်သွားလည်၊သွားဖတ်ဖြစ်ပါတယ်။ကော်မန့်ကိုမလိုအပ်ပဲမပေးချင်၊စာရိုက်ရမှာပျင်းတဲ့

ကျွန်တော့်အတွက်တော့အားလုံးသောဘလော့တွေမှာခြေရာမချန်ထားခဲ့နိုင်ပါဘူး

ဒါပေမယ့်သူတို့ရဲ့စာလေးတွေကရင်ထဲမှာရှိနေတတ်ပါတယ်။ အပြင်မှာတွေ့ရင်လဲ..အတော်ဖော်ရွေပြီး

ခင်ဖို့ကောင်းတဲ့သူတွေပါ။တခါတလေအလုပ်တွေများ.စိတ်တွေရှုပ်နေလို့…မပါဝင်ဖြစ်ခဲ့တဲ့စုပေါင်း

အလှူတွေ၊ပွဲတွေအတွက်စိတ်မကောင်းပါဘူး။အားလုံးနေကောင်းကျန်းမာပါစေလို့ဆုတောင်းပါတယ်။

ပုံမှန်ဆိုကျွန်တော်ဏီ(န်)ကင်းကကဗျာတွေ၊စာတိုပေစတွေရေးဖို့ဝါသနာပါတယ်။ဒီနေ့တော့ဘယ်

ခေါင်းစဉ်အောက်မှာမှထည့်လို့မရတဲ့စာတွေရေးနေတယ်မထင်ပါနဲ့တွေးမိတာနဲ့ရေးချင်တာဒီအတိုင်း

လက်တန်းချရေးနေတာပါ။စိတ်ထဲမှာရှိတာတွေပေါ့။ အမှန်အတိုင်းပြောရရင်တော့ကိုယ့်မွေးနေ့လေး

မှာပျော်နေပါတယ်။ ဘ၀ရဲ့သုံးပုံ.ပုံ တစ်ပုံသောသက်တန်းကိုပြည့်ခဲ့ပါပြီ။ အချိန်တွေမကျန်တော့ပါဘူး

ကိုယ့်ကိုယ်ကိုတော့လူတစ်လုံးသူတစ်လုံးဖြစ်ပြီလို့…မထင်သေးဘူး..အားလဲမရပါဘူး..။

………..

အချိန်တွေလည်းဖြုန်းတီးနေမိပါတယ်။ မကောင်းတာတွေမလုပ်မိတာ.၊မဖြစ်တာပဲ…ကံကောင်းတယ်

ပြောရမယ်။စာလာဖတ်ဖြစ်ရင်လဲ..လာဖတ်တဲ့စာဖတ်သူကိုကျေးဇူးတင်ပါတယ်ပြောချင်ပါတယ်။

အောက်မှာတော့..လတ်တလောနားထောင်ဖြစ်ပြီးအရမ်းကြိုက်နေတဲ့သီချင်းတစ်ပုဒ်တင်ပေးထားပါ

တယ်။ကိုယ့်ဘ၀အခြေအနေနဲ့လည်းကိုက်နေတာကိုး….အချိန်တွေမဖြုန်းပါနဲ့ဗျာ..

………..

Advertisement

Responses

  1. Happy Birthday!!

    • မချို..ကျေးဇူးပါနော်.

  2. မောင်ရင်..
    ကျန်းမာချမ်းသာပါစေ.. အားပေးနားလည် လက်တွဲဖော်နဲ့လည်း ဘ၀ခရီးတစ်လျှောက် ပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပါစေ… ဘာပဲဖြစ်ဖြစ် ကိုယ့်ဘ၀ကို ကိုယ်တိုင်ဖန်တီးတည်ဆောက်နိုင်ပါစေ… မိဘကိုကျေးဇူးဆပ်နိုင်သော သားကောင်းရတနာဖြစ်ပါစေဗျား….

    • အမလေး..ကောင်းလိုက်တဲ့..ဆုပေး…တကယ်ပြည့်ချင်တယ်ဗျာ..ကိုဆောင်း..ကျေးဇူးဗျာ

  3. HAPPY BIRTHDAY မောင်လေးရေးး
    သားလိမ်မာလေးဖြစ်သလို ကောင်မလေးတွက်လည်းလိမ်မာတဲ့မောင်လေး လိမ်မာလေး
    ယနေ့မွေးနေ့မှစ နှစ်တစ်ရာတိုင် မောင်လေးနားမှာတစ်သက်လုံးရှိနေပေးတဲ့သူနဲ့ကျင်းပနိုင်ပါစေ…
    စိတ်ရောကိုယ်ပါကျမ်းမာချမ်းသာပြီးသာယာချမ်းမြေ့တဲ့ဘဝကိုပိုင်နိုင်ပါစေ…

    ဒီပိုစ့်လေးဖတ်ပြီး စိတ်ချမ်းသာမှုတွေကူးစက်သွားသလိုပဲး)

    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    • ကျွန်တော်အဲဒိလောက်မလိမ်မာပါဘူးအမရယ်…မွေးနေ့ဖိတ်ထားတာလာနော်.

  4. ပျော်ရွှင်နေပြီးသားမွေးနေ့လေးမှာ ပိုပြီး ပြည့်စုံပျော်ရွှင်ပါစေ ..း))
    အချိန်အားရင်တော့ လာလည်လှည့်ပေါ့ ငါတို့ဆီကိုး)

    စကားမစပ် ဒီနေ့ တော်တော် လိမ္မာနေတယ် (ထင်ရတာပဲ) :P

    • ဟ ဟ.ငါကဒီနေ့မှမဟုတ်…အမြဲတမ်းလိမ်မာတယ်..(ထင်ရတာပဲ) .. အီးမေးပို့ထားတာဖတ်ကြည့်ဦး

  5. Happy Birthday Bro!

    • သတိရလို့ကျေးဇူးညီမရေ…

  6. sorry ညီ

    ဆုတောင်းနောက်ကျသွားတယ်။

    Happy Birthday Nyi

    မွေးနေ့မှစ၍ ပျော်ရွှင်စရာများ

    ကျေနပ်စရာများစွာနဲ့ ပြည့်စုံပါစေဗျာ။

    ဆရာမ မနော်ဟရီနဲ့ မွေးနေ့တူတာ ဖြစ်တဲ့ အတွက်

    ငါ့ညီလည်း စာရေးကောင်းတဲ့ လူတစ်ယောက် ဖြစ်မှာသေချာတယ်။

    • ဆုတောင်းတာနောက်မကျပါဘူးအကို။အကိုတို့နဲ့ခင်မင်ရတာကကျွန်တော့်အတွက်ပျော်စရာပါ။ ဆရာမနဲ့မွေးနေ့တူလို့ပျော်ပါတယ်.။စာရေးကောင်းတာထက်.
      ကောင်းတဲ့စာတွေများများဖတ်နိုင်ဖို့အချိန်ယူရဦးမယ်အကိုရေ.။

  7. happy birthday ပါ

  8. happy birthday!

    • thank ma gyi…


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Categories

Follow

Get every new post delivered to your Inbox.