Posted by: neking | March 20, 2010

ချို့တဲ့ခြင်း

အလင်းရောင်သာပါပဲ…
ငါ့ရင်ဘတ်ထဲမှာရှိနေမှာလား…
ဒီကောင်မျှော်လင့်နေမိတာပါ…
သို့သော်….ပေးကမ်းမှသာရမှာ…
…………………………………..
ကြင်နာခြင်းလေးတွေ…
ခံစားတတ်ပေမယ့်…
နားလည်မှုတွေသာမရှိရင်..
ငါနဲ့သူဝေးလွှင့်သွားမှာ

…………………………………..

အစွဲအလမ်းတခုကိုသာ…
ငါမက်မောနေရင်…
ငါ့ပြောစရာတွေဟာ…
မင်းနဲ့ပဲ…သက်ဆိုင်သွားမှာ

…………………………………..

မှားယွင်းမှုတွေဆိုပြန်ရင်လဲ…
ခေါင်းမာတာထက်…
မနှစ်မြို့ဘူးလို့မဆိုချင်ပါဘူး..
ငါကျေနပ်မှာ….

…………………………………..

တည်ရာတခုကိုရှာကြံနေရင်း..
ထီပေါက်တဲ့လက်မှတ်ပျောက်သွားရင်
တန်ဖိုးတခုနဲ့..အချိန်တခုအတွက်…
ငါရင်းလိုက်မယ့်ရင်ဘတ်တခြမ်း…
သူတကယ်သိမှာလား.

…………………………………..

အမုန်းတွေကိုသာ
ယူလာသူမှအပြစ်မဟုတ်ပါဘူး..
လက်ခံသူမှာကလဲ..ချို့တဲ့မှုတွေနဲ့ပါ..
ဘာပဲဖြစ်ဖြစ်…ငါရှင်သန်နေရဦးမှာပါပဲ….

…………………………………..
အဆက်အစပ်တွေကတော့မိချင်မှမိမယ်…

အကြမ်းစားပုံစံခွက်တခုပါပဲ.

လေးစားစွာဖြင့်

…………………………………..

ဏီ(န်)ကင်း

Advertisement

Responses

  1. အဆက်အစပ် မမိဘူးလို့ ပြောထားပေမယ့်.. တစ်ပုဒ်ချင်းစီမှာ ခံစားချက်တစ်ခုစီ ရှိနေသလိုပဲ..
    အားပေးလျှက်ပါ…

    ဖြူ

    * ရန်ကုန်ပြန်လက်ဆောင်ဘာမှလဲ မရဘူး :P

  2. အစားအသောက် တော့ မချို့ တဲ့လောက်ဘူး ထင်တယ်…ဝ လို့..

  3. ခံစားချက်တွေ့ အပြည့်ရှိနေမှတော့ ဘာချို့ တဲ့နေမှာလည်း မောင်လေးရဲ့ 
    သာယာချမ်းမြေ့ပါစေနော်
    မိုး

  4. ဏီ(န်)ကင်း …….တယ်တော်ပါလား ဘယ်တုန်း က အဲ့လောက်တော်သွားလဲ
    ကောင်းတယ်း)

  5. bal ka thar taw ya mar tone.. “nga tone” thi bu lar.. kwi..kwi..

  6. အစစအရာရာ အဆင်ပြေအောင် ဓါတ်လုံးဆောင်ပါလား။ ငါ့မှာ အစွမ်းထက်တဲ့ ဓါတ်လုံးတလုံး ရှိတယ်။ နင်က ဝေဒနာခံစားနေရတာ ဆိုတော့ သနားလို့ပေးလိုက်မယ်။ အဲဒီ ဓါတ်လုံးမှာ အစွမ်းသတ္တိ ၃ ခုရှိတယ်။ အဲဒါက ( ပွတ်ရင်ပြောင်၊ ဆောင်ရင်လေး၊ ရေစိမ်သောက်ရင် ရှူးရှူးတော့ပေါက်တယ်လေး)

  7. အဆက်အစပ် မမိလည်း အဓိပ္ပါယ်လေးရှိရင်ကောင်းတာပါပဲ။
    အဆင်ပြေပျော်ရွှင်ပါစေ

  8. လာလည်၊ စာဖတ်တယ် အမောင် neking ရေ။ မရောက်တာတောင်
    တော်တော်လေးကြာသွားတယ်နော်။ နေကောင်းကျန်းမာပါစ။
    ချို့ တဲ့ခြင်းတဲ့လား……ခံစားရမိသမျှမိလှတာမို့  တော်တော်
    တွေးပြီးရေးထားတာလေး ၃ခေါက်လောက်ဖတ်ယူလိုက်တယ်။ :) …..အသစ်လေးတွေလဲ…ရေး..မှန်မှန်ရောက်ဖြစ်တော့မှာပါ။
    ခင်မင်လျှက်….ခင်မာလာအောင်…:)

  9. ပျော့ပြောင်းသော ကဗျာ ..
    နူးညံ့သော ကဗျာ…တပုဒ်…
    ဆက်လက်ရှင်သန်ပါစေသား…

    ခင်မင်စွာဖြင့်
    အဖြူရောင်နတ်သမီး


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Categories

Follow

Get every new post delivered to your Inbox.