ခရီးရဲ့အစမှာ..ဘယ်လိုလိုက်ကာတွေချထားမှန်း
ငါတို့မသိဘူး.သေချာတာကပျော်တယ်
နေရာ၊အချိန်၊ရာသီပြောင်းလဲမှုတွေက.ငံ့လင့်ကြိုဆိုပါတယ်
အသွားမတော်တာတွေခဏလေးဖြစ်ဖြစ်မေ့လိုက်.
၉ယောက်ဖြစ်နေရင်မောင်ကျောက်ခဲကိုပါခေါ်လိုက်.
တဆစ်ချင်းချိုးချနေတယ်.မာယာတွေမပါဘူး.ဒါပေသိ.မတ်စောက်တယ်
ကြောက်စရာကအမှန်မှာမရှိဘူး.အေးစက်စက်နဲ့မို့.မသိစိတ်ကရွံ့နေတာ
သေချာချင်ရင်တော့ကိုယ်တိုင်သွားထိုင်နေမှရမယ့်.နေရာတစ်နေရာ
လောကကြီးဘယ်လောက်ကျယ်ကျယ်.ကျောတခင်းစာပဲငါတို့နဲ့သက်ဆိုင်တယ်
အထိအတွေ့တွေကရင်းနှီးပါတယ်.”အယ်….သူတို့ပြောနေတာငါသိတဲ့စကားပဲ”
ပေါ့ကျလေးတစ်ခွက်နဲ့ငါတို့မနက်ဖြစ်ခဲ့တယ်
အလှူခံသူတွေစိတ်ညစ်နေမှာလား.မသိဘူး.ငါတို့မသိကျိုးကျွန်တွေပြုလို့လေ.
တတ်နိုင်ဘူး.ရည်မှန်းချက်တနေရာအတွက်ကြားမှာ.ဖြုန်းတီးမှုတွေကို
ငါတို့မလိုလားဘူး…
တည်နေရာမှာအေးချမ်းတယ်.ဒီနေရာမှာငြိမ်းချမ်းတယ်.
ငါတို့အမြဲသာဘာဝနာပွားနိုင်ရင်ကောင်းရဲ့
အပန်းဖြေနိုင်တယ်.အဆန်းတွေတွေ့နိုင်တယ်.
ဟောဒီမှာဆတ်၊ချေ၊တောကြောင်၊ယုန်
အကုန်သာကြည့်.ရဲရင်တော့စား…ဟောဟိုနားက.
“အမကြီးဆေးအလကားလိမ်းသွားပါလား“…တဲ့
တောင်အမြင့်ကြီးမှာလဲမာနတွေနဲ့ပါလား.
ဒဏ်ရာတွေလည်းအလိမ်းလိမ်း.လူတွေစည်းကမ်းမရှိကြဘူး
ပလပ်စတစ်အမှိုက်တွေများများလာတယ်
စကားမစပ်ပြောရရင်တော့.ဖုန်ထူ၊နေပူ၊ရေဆာတယ်
နှာသီးဝထိတဲ့လေသာမအေးမြရင်.အပန်းတွေကြီးကုန်တော့မယ်..
ဖြတ်ကျော်တယ်ဆိုတာထက်..(မရိုမသေ)..*င်ကုန်းသာတက်ကြရပါတယ်.
မောတယ်၊ပန်းတယ်၊လန်းတယ်၊ဆန်းတယ်…
ရိုက်ပါဟဲ့…ချိန်ပါဟဲ့..နေ၀င်တာတွေမသိလောက်အောင်ပေါ့
အချိန်ပေါင်းနာရီတွေတော်တော်များခဲ့တယ်…ဒါပေမယ့်
ငါတို့မလုံလောက်ဘူးလား…
ကြွားတ၀ံ့ဝံ့နဲ့ပြောခဲ့တယ်…တောင်ကိုးလုံးအဆုံးကိုသာဖြိုမယ်တဲ့
တကယ်တမ်းရေတံခွန်တကြောတောင်.မစဉ်းစားရဲခဲ့ဘူး
ဟိုး၁၀နှစ်လောက်က၀ါးကိရိယာတွေကိုတော့အလွမ်းသား
မချစ်ရင်ပစ်မယ်.ယောက္ခမကြီးကိုဖြိုမယ်..ဘာညာပေါ့..
အားလုံးကအပြန်လက်ဆောင်တွေ.ယိုစုံတွေလည်းပါရဲ့
ဒီတခေါက်တော့..
တောင်ဝှေးတလက်တောင်မထိတွေ့လိုက်ရပါဘူး
အော်.လူကြီးတွေဖူးနိုင်ကြပြီ..ဘေးဘီကြည့်ပြီး
မကြောက်တတ်.သွေးမတက်ကြဘူးဆိုရင်ပေါ့လေ
ရဟတ်ယာဉ်ကွင်းတွေလဲအခန့်သားခင်ဗျ.
အပြန်လား….သွားလမ်းသာလို့ပြန်လမ်းသန့်ပါတယ်.
မှဲ့ရှင်ဘုရားနဲ့ရွှေမော်ဓောစေတီတောင်ကြည်ညိုခွင့်ထပ်ရတယ်
လွမ်းသလားမမေးပါနဲ့..အချိန်တန်တော့လဲအိမ်ပြန်ရောက်ကြစမြဲပဲလေ
ဒါပေသိ.ငါကကိုပိုလွန်ကျူးရတာပါ.သူငယ်ချင်းတို့ရေ
အဝေးကြီးပါ.မိုင်ပေါင်းက တစ်ထောင့်နဲ့နှစ်ရာ
ကဲပါ…
အတ္တတွေနဲ့မာနတွေကိုခဏလောက်မေ့လိုက်ကြရအောင်.
တည်မြဲတဲ့သံယောဇဉ်တွေနဲ့မေတ္တာများများထားကြည့်ပါ
ငြိမ်းချမ်းမှုလေးတွေနဲ့ပျော်ရွှင်မှုတွေရှိပါလိမ့်မယ်
ငါတို့တခါအို၊နာ၊သေရဦးမယ်လေ.
ဖြစ်နိုင်ရင်တော့…
နောက်တစ်ခေါက်သံသရာလေး.ဒီနားကိုထပ်လည်ပါဦး…လို့
ဏီ(န်)ကင်း (ကျိုက်ထီးရိုးအမှတ်တရ)



သူ့ဟာနဲ့ သူတော့ ဟုတ်နေကောပဲ ရိုက်ထားတာလှတယ် မင်းရိုက်တာလား
By: တောင်ပေါ်သား on February 24, 2010
at 3:08 pm
ကျွန်တော်ရိုက်တာပေါ့ဗျ…ဖုန်းကင်မရာကို panorama mode ဖွင့်ပြီး သုံးပုံဆင့်ဆွဲလိုက်တာ.
အဲဒိလိုဖြစ်သွားရော…ဟဲ…ဟဲ
By: neking on February 24, 2010
at 4:38 pm
ရေးထားတဲ့ ကဗျာ မိုက်တယ် ဗျို့ .. ရိုက်ထားတာ လည်း ကောင်းတယ် ..
ကျိုက်ထီးရိုး လည်း သွားချင်နေတယ်နော် … !
အရမ်း အရမ်းးးးးး ကို
သွားချင်နေတာ ..
မတတ်ဖြစ်တာ ၄ နှစ် ရှိပြီ ..
By: ဆောင်းနှင်းရွက် on February 24, 2010
at 3:42 pm
အဲဒီဓါတ်ပုံလေး အက်ဖက်ကောင်းတယ်……
By: ဂျပန်ကောင်လေး on February 24, 2010
at 4:23 pm
ကျိုက်ထီးရိုး မရောက်ဖြစ်တာ ကြာပြီဗျာ အရင်ကနှစ်သစ်ကူးညတိုင်း ရောက်ဖြစ်နေကြကို ပြန်သတိရသွားမိပြီ။
အတွေ့အကြုံလေးတွေပါ ဆက်တင်လေဗျာ။ အလွမ်းပြေ ဖတ်ရအောင်လို့
By: မြစ်ကျိုးအင်း on February 24, 2010
at 4:49 pm
လွမ်းစာရာတွေ….
By: kaungkinpyar on February 24, 2010
at 5:53 pm
သတိရမိသွားတယ်ဗျာ… တချိန်ကပေါ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို …
By: ညရဲ့ကောင်းကင် on February 24, 2010
at 5:58 pm
ကဗျာလေးကို ခံစားလို့ ရတယ်… ပုံလေးကလည်း စေတီနဲ့  တောတောင်နဲ့  အေးအေးချမ်းချမ်း…
ဒီနေရာကို တော်တော်လွမ်းတယ်… ခရီးအတွေ့ အကြုံလေး ဆက်ပါအုံးးး
By: တလနွန် on February 24, 2010
at 9:09 pm
ရောက်ခဲ့တယ်လား
ကောင်းလိုက်တား)
By: မိုးခါး on March 6, 2010
at 10:53 am
Mr. King
ဘာဆုတွေ တောင်းခဲ့သေးလဲ ၊ မှန်မှန်ပြော..
ကဗျာလေးနဲ့ သရုပ်ဖော်တာကောင်း၏
ဓါတ်ပုံလေးလဲ လှသည်။
ခင်မင်စွာဖြင့်
သီဟသစ်
By: ThihaThit on March 9, 2010
at 11:13 pm
ကိုသီဟလို အုန်းသီကြီးပါရင်..ပိုကောင်းမှာ…ဟွန့်
By: ဏီ(န်)ကင်း on March 10, 2010
at 9:07 am
cyber shot နဲ့ အစွမ်းပြထားတာလေးတွေ
By: ဖောင်းထက် on March 17, 2010
at 7:16 pm
အဝေးကြီးကလှမ်းရိုက်ထားတဲ့ပုံလေး အတော်ကောင်းတာပဲ။
ကျိုက်ထီးရိုးတော့ ရောက်ဖူးပေမယ့် ထပ်ရောက်ချင်သေးတာပါပဲ။
By: what is good things on March 27, 2010
at 12:45 am