Posted by: neking | February 5, 2010

လင်းခေးသို့အ၀င်

တေးသံရှင်ကိုဘိုဖြူဆိုထားတဲ့သီချင်းလေးပါ။ပထမဦးဆုံးနားထောင်မိလိုက်တဲ့အချိန်ကစပြီးတသသနဲ့

နားထောင်တိုင်းမ၀တဲ့သီချင်းလေးပါ။သံစဉ်အေးအေးလေးနဲ့ဝင်ပြီးဂရုဏာသံအပြည့်နဲ့အဆိုရှင်ကိုဘိုဖြူက

သီဆိုပေးထားတာပါ။ကိုယ်ပိုင်သံစဉ်ပါပဲ။သီချင်းအကြောင်းအရာလေးကတော့..နယ်ဝေးတနေရာကနေပြီး

မိမိရဲ့မွေးရပ်ဇာတိကိုပြန်လာသူတစ်ယောက်ရဲ့မွေးရပ်မြေပြန်တဲ့အခါတွေကြုံခံစားမှုကိုဖော်ဆောင်ထားပါတယ်။

တောင်စဉ်တောင်တန်း(ရှမ်းပြည်ပေါ့ဗျာ)တွေရဲ့အငွေ့အသက်တွေနဲ့မွေးရပ်မြေကအပေါင်းအသင်းရောင်းရင်းတွေ

နဲ့တွေ့ဆုံပျော်ပါးကြတယ်ပေါ့ဗျာ.။ကျွန်တော်ရေးထားတာတွေကိုပဲဖတ်လို့ကတော့သီချင်းရဲ့အနှစ်ကိုကိုင်ဆုပ်မိမယ်မထင်ဘူး။

ရသပေါ်လွင်အောင်လဲမရေးသားမစွမ်းဆောင်နိုင်ပါဘူး။ဒီတော့သီချင်းလေးကိုသာနားထောင်လိုက်ပါနော်။ညာဘက်က

Play list ရဲ့ပထမဆုံးအပုဒ်မှာထည့်ပေးထားပါတယ်။ Play Buttonလေးနှိပ်ပြီးနားထောင်ပါဗျာ။

……………………………………………………………………………………………………………………………………….

သိပ်မကြာခင်မှာကျွန်တော်အိမ်ခဏပြန်ရမယ်။တစ်နှစ်ကျော်လောက်ဝေးနေခဲ့တဲ့ကျွန်တော့်အိမ်ကို

အလည်တစ်ခေါက်လောက်ပြန်ရမှာပါ။အိမ်နဲ့လည်းတသက်လုံးဒီလောက်ကြာကြာအဝေးမှာမခွဲဖူး၊မနေဖူးပါဘူး။

ကျွန်တော်ကငယ်ငယ်ကတည်းကအိမ်မကပ်တဲ့လူဆိုတော့အိမ်နဲ့ဝေးနေချိန်မှာအိမ်ကိုလွမ်းတာတွေကတော့နည်းပါတယ်။

ဒါပေမယ့်ပြန်ရတော့မယ်၊ပြန်မယ့်အခွင့်အရေးလေးတွေရချိန်မှာတော့အရမ်းပြန်ချင်နေမိတယ်။သူငယ်ချင်းအပေါင်းအသင်းတွေ

အိမ်ပြန်ချိန်တွေကိုခဏခဏလိုက်ပို့ခဲ့ဖူးတယ်။ဒီတခါတော့အဲဒိအတွေ့အကြုံကိုကိုယ်တိုင်ခံစားတော့မယ်။ပျော်စရာပါပဲ။

အိမ်ပြန်နေချိန်တွေဒီဘလောက်လေးကိုခဏခွဲထားရမှာပါပဲ..။ဟိုမှာက၀င်ဖြစ်မယ်မထင်ဘူး..။လာလည်သူအပေါင်းကိုလည်း

တောင်းပန်ပါတယ်။ပြန်လာမှအိမ်အပြန်အတွေ့အကြုံလေးတွေကိုဖောက်သည်ချပါ့မယ်….

စကားမစပ်ဟိုမှာဘာတွေလုပ်သင့်တယ်၊ဘယ်တွေသွားသင့်တယ်၊ဘာတွေစားသင့်တယ်ဆိုတာညီအစ်ကိုမောင်နှမတွေအနေနဲ့

အကြံပေးစေချင်တယ်။ကျွန်တော့်ခေါင်းထဲဝမ်းသာပြီးဘာမှစဉ်းစားမရဘူးဖြစ်နေတယ်။လောလောဆယ်ကျိုက်ထီးရိုးဘုရားဖူး

သွားဖို့စီစဉ်ထားပါတယ်။တခြားလုပ်သင့်တဲ့ကိစ္စလေးတွေကိုလမ်းညွှန်ပေးပါဦးခင်ဗျာ…

ဏီ(န်)ကင်း

Advertisement

Responses

  1. လောလော ဆယ် တော့ ဘာမှ အကြံမပေနိုင်ဘူးးးမနာလို ဖြစ်နေတာပဲ…ဟင့်..သူများတွေ ပြန်ကြတယ်…

  2. ကြုံသလိုစား ဆိုပေမယ့် ကြည့်နေကြည့်စားပေါ့…

    ကျိုက်ထီးရိုး ဘုရာဖူးတော့ သွားချင်တယ်…. သွား.. အချိန်ကောင်းပဲ..ပဲ ကောက်ညှင်းပေါင်း နဲ့ ငခြောက်ဖုတ်စားလေး … လက်ဖက်ရည်သောက်ရင်းပေါ့…

    ပင်ပန်းတယ်.. အိမ်မှာပဲ နားနားနေနေ နေ… ပါတီကို အိမ်မှာပဲလုပ်.. ကလပ်တက်… တန်တယ်.. ကွမ်းတော့ မူးမနေနဲ့…

    ကျန်တာက ဒီမှာလဲစားနေရတာပဲ… သတိရနေမှာပါ.. ပျော်ရွင်ပါစေ.. ပြန်လာရင် တစ်ခုခုဝယ်လားခဲ့

  3. @ဖိုးစိန်…..မူးပါဘူး….စင်ကာပူကကွမ်းပဲတခါစားတခါမူးနေတာ…
    @မပြာ…..ဟွင်းဟွင်းဟွင်း…..

  4. ပျော်စရာကြီးးးးးးးးးးးးးးးး ၀မ်းသာပါတယ်…။ နောင့် လဲ အမြဲစိတ်ကူးယဉ်တယ် အိမ်ပြန်ချိန်တွေကို ….။ ကျိုက်ထီးရိုးဘုရား ကို မိသားစု နဲ့ တူတူ သွားဖူးမယ်ဆိုရင် အရမ်းပျော်စရာကောင်းမယ်..။

  5. ၀ါးးးးးပျော်စရာကြီး အိမ်ပြန်ရတော့မယ်ဆိုတော့။ မငုံလဲ April ဆိုရင် ချစ်တဲ့တောင်တန်းဆီ ပြန်ရပြီ။ အိမ်ပြန်ခရီးပျော်ရွှင်ပါစေ. အပြည့်အ၀ နားခဲ့ပေတော့။

  6. အဲ့ဒီ ဟွင်းဟွင်းဟွင်း ဆိုပြီး ရီနေမဲ့ နင့်ရုပ်ကိုလေ ခဲနဲ့ အရင်ပေါက်ချင်တယ်…
    ပြီးမှ အကျန်ပေးမယ် =)
    ဟိုရောက်ရင် စိတ်ထဲပေါ်လာတာ တမ်းတတာ အကုန်စားဟာ
    အိမ်က မာမီကလဲ ရှယ်ချက်ကျွေးမှာ
    သူငယ်ချင်းတွေလဲ ဝိုင်းဝိုင်းလည်လို့ 
    နင့်ကောင်မလေးကလဲ အဟတ်ဟတ်
    နင်က မားးးးးးးသင်းးးးးးး ဖြစ်နေမပေါ့
    ဟိဟိ

  7. မှာစရာတော့အထူးအထွေမရှိပါဘူး။ လုပ်သင့်တာတွေကိုလုပ်ပီး မလုပ်သင့်တာတွေကိုမလုပ်ခဲ့နဲ့ပေါ့။ မောင်ရင်က လိမ်မာပြီးသားပါ။ ဘာပဲဖြစ်ဖြစ် အိမ်ရဲ့အငွေ့အသက်၊ မြန်မာရဲ့အငွေ့အသက်တွေကိုတော့ အပြည့်အ၀ခံစားခဲ့ပါ။ ပြန်လာရင်တော့ ဖတ်ချင်ကြားချင်သေးတယ်ဗျာ..။ ခရီးမှတ်တမ်းတွေကို ဗဟုသုတတွေကိုပေါ့။

  8. အော် ငါ့လူနဲ့ ၁ နှစ်လေး မပြန်ရတာကိုးပဲ ပြောမဆုံးတော့ဘူး ငါ့ကိုလဲ သနားပါဦးဟာ……
    ဟိုရောက်ရင် ဟိုနေရာကိုသွား ဟိုဟာလုပ် ဒါပဲ

    လေးစားလျက်
    တောင်ပေါ်သား

  9. အဲ့လို ပဲ အိမ်ကို ပြန် ခါနီးပြီ ဆို စိတ်က အရမ်း ပျော်တာ ….
    ပျော်ရွှင်ပါစေ ဗျာ .. !

  10. အားလုံးထက် အနွေးထွေးဆုံးဟာ mother’s home မှန်း သိလိုက်ရတဲ့ အချိန်မှာ ကိုယ်ဟာ far distance from home ဖြစ်နေပါပြီပေါ့ ဟိဟိ။

  11. ဝေးးးးး ဏီကင်းန်းရေ ပြန်လာပြီလားဝေးးးး
    ခုမှပဲ ရောက်တော့တယ်. ဂျီမေးလ်မှာ လမ်းကြုံနေလို့။:P


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Categories

Follow

Get every new post delivered to your Inbox.