ကောင်မလေး
မင်းဟာခမ်းခမ်းနားနားကြီးလွမ်းမပြတတ်ပါဘူး
ကျေနပ်တယ်လို့ဟန်ဆောင်မပြောတတ်ပါဘူး
တိတ်ဆိတ်မှုတွေနဲ့သာ..ပြိုလဲနေမယ့်..
နတ်သမီးနုနုလေးပေါ့
ငါ့ကောင်းကင်ကြွေချိန်…မင်းနဲ့တွေ့ဆုံတယ်..
သိနေရက်နဲ့ထိခိုက်မိနေတတ်တယ်..
မျက်ရည်တွေကကောင်းကင်ကရွာသွန်းတာလား
မြေပြင်အငွေ့ပျံလာတာလား..မသိ
ဒါပေမယ့်.ဘာပဲဖြစ်ဖြစ်
မနာကျင်စေချင်ဘူးကွယ်
စကားမစပ်…ငါမက်မောတွယ်တာခဲ့တာ.
မင်းအပြုံးလေးတွေပေါ့
ခပ်ဖွဖွလေးပြန်လာနမ်းလှည့်ပါ..
ငါ့ရင်ဘတ်ဟင်းလင်းကြီးမှာ…ခင်းကျင်းပြီးပြထားတာ…
ခပ်ပြင်းပြင်းဝိုင်ချိုတခွက်..
အမူးတော့မရ..သူကရီဝေေ၀ရယ်..
ကြုံရာကျပန်းသိက္ခာဆိုတာ..ငါအခုစီးစီးဖြစ်နေတဲ့ဖိနပ်တရံပါပဲ
……………………………………………………………………………………………………
လေးစားစွာဖြင့်
ဏီ(န်)ကင်း
Advertisement


သိက္ခာဆိုတာ ငါအခုစီးနေတဲ့ ဖိနပ်လေးတရံပါပဲး)
တဖြည်းဖြည်း လျှော့ပါးလာနေတယ်ပေါ့………. သံဖိနပ် စီးးးး
လေးစားလျက်
တောင်ပေါ်သား
By: တောင်ပေါ်သား on January 27, 2010
at 12:36 pm
27 ဆိုတော့ ဒီကနေ့ပေါ့ ..
း)))
By: မိုးခါး on January 27, 2010
at 2:41 pm
မရောက်တာကြာပြီ….သတိတော့ရပါတယ် …၂၇ ရက်နေ့ အလွမ်းပေါက်ကွဲသံစဉ်လေး လာဖတ်သွားတယ်…
By: မိုးပြာ on January 27, 2010
at 2:44 pm
kg ma lay so bae,,
By: satpote on January 28, 2010
at 10:18 pm
blog မလည်တာကြာလို့ လာလည်တာ… Jan 27 ကို Jan 31 မှ လာဖတ်သွားပါကြောင်း…
ကင်း ရေ… စကားမစပ် ဘာဖိနပ်စီးလဲဟင်…
By: Phyu on January 31, 2010
at 4:17 pm
ကြုံရာကျပန်းသိက္ခာဆိုတာ..ငါအခုစီးစီးဖြစ်နေတဲ့ဖိနပ်တရံပါပဲ
အဲဒီစာသားမိုက်တယ်…
By: ညရဲ့ကောင်းကင် on February 1, 2010
at 11:25 pm
း)….. ပြန်လာနမ်းလှည့်ပါတဲ့… အပိုင်ပဲ… ဟီးဟီး
ခင်မင်တဲ့
ဂျပန်ကောင်လေး
By: ဂျပန်ကောင်လေး on February 2, 2010
at 8:09 am
ကိုတောင်ပေါ်ကတော့ သံဖိနပ်စီးခိုင်းနေဘီ…
နင်သံဖိနပ်စီးတဲ့နေ့ ငါ နင့်ကိုမခေါ်တော့ဘူး…
စိတ်မထင် ဖိနပ်နဲ့ ကောက်ပေါက်နေမှ… ငါဂွိနေမယ် =)
သယ်ရင်းးး
ကဗျာလေးက မိုက်တယ်ကွယ်… =)
By: မေသူ on February 2, 2010
at 1:22 pm
ကင် ရဲ့ ကဗျာလေးကို နော်နော် လာဖတ်သွားတယ်နော် ကိုတောင်ပေါ်သားက ကင်ကိုသံဖိနပ်စီးခိုင်းနေတယ်နော်
ကင် စီးမှာလား…………………..
By: နော်နော် on March 12, 2010
at 1:38 pm
တစ်ခေါက်ဖတ်တယ်… နောက်တစ်ခေါက် ထပ်ဖတ်တယ်..
ဖူးဆိုပြီး လေပူကြီးမှုတ်ထုတ်လိုက်မိတယ်
တိတ်ဆိတ်မှုတွေနဲ့သာ..ပြိုလဲနေမယ့်..
နတ်သမီးနုနုလေးပေါ့… အဲစာသားအကြိုက်ဆုံးပဲ..
နတ်သမီးလေးကို တိတ်တိတ်လေး ငိုမနေစေနဲ့ပေါ့
By: YUNA on March 12, 2010
at 1:57 pm
နေပါအုံး နက်သမီးငိုအောင် မင်းက ဘာသွားလုပ်တာလဲ….?
By: gVirus on March 15, 2010
at 11:52 am
you see how he smart!! even angle cry..
By: leolover.aries on March 15, 2010
at 11:33 pm
ဟီးဟီး .. ဆရာ့ကို smart တယ်တဲ့
တခါမှမကြားဖူးဘူး.. သိပ်မမြောက်သွားနဲ့ဦးနော် ဆရာ
By: ဇောင်းထက် on March 17, 2010
at 7:50 pm
ann mal.. ahtin theit ma gyi ne ko. luu.. ae dar akaung pyaw tar ma hote.. yue nay tar kwel`..
By: leolover.aries on March 19, 2010
at 1:04 am