ရင်ထဲမှာနှင်းတွေကျနေတယ်..
ဒါပေသိအဖြူရောင်မဟုတ်ဘူး
သယံဇာတကြွယ်ဝပါတယ်ဆိုတဲ့…ငါ့ဦးနှောက်က
အသိတချက်ပျောက်တယ်…
ကြွေလွင့်ချက်တွေများမှများပါလားကွယ်။
ငါနားလည်နိုင်တာထက်သူပိုကဲပြီး..ထူးဆန်းတယ်
ပင့်သက်ရှိုက်တာကလွဲလို့ငါ့ကိုခံဝန်ထပ်မထိုးခိုင်းပါနဲ့တော့
စွဲချက်တွေအတွက်ငါ့ကိုငါပဲစာတမ်းလုပ်လိုက်ပါတယ်
အနီရောင်ကျိန်စာထုပ်ထဲမှာဘာတွေရှိမလဲငါမသိပေမယ့်
၏သည်မရွေးမြတ်နိုးမှုတွေနဲ့…
အတူတကွထိုင်ချုပ်ထားခဲ့တာ
သူငါ့ရင်ထဲကိုကိုင်လှုပ်သွားခဲ့တာ.
တကယ်ပါ
ဒီနေ့ရက်မှာငါတကယ်မရှိချင်ခဲ့ဘူး
တခုပဲ…
ပြောမပြတတ်အောင်ငါလွင့်ထွက်သွားချင်ခဲ့ဖူးတယ်
လေးစားစွာဖြင့်
ဏီ(န်)ကင်း
Advertisement


လွင့်ထွက်ပြေးသွားတော့ကော ပျော်နေမှာလား မောင်ရင်….
အကောင်းဆုံးကို ဆုံးဖြတ်လိုက်ပါ
လေးစားလျက်
တောင်ပေါ်သား
By: တောင်ပေါ်သား on January 21, 2010
at 10:09 am
နှင်းတွေ ကျနေတယ် ဒါပေသည့် အဖြူရောင်မဟုတ်ဘူး
By: စိုင်းစိုင်းလားရှိုး on January 21, 2010
at 4:30 pm
ဟယ် ငါလိုက်မမီတော့ပါလား
Cab နဲ့လိုက်မှ
စတာ၊ ကဗျာလေး ဖတ်လို့ကောင်းတယ်
ခင်မင်စွာဖြင့်
သီဟသစ်
By: ThihaThit on January 22, 2010
at 12:44 am
အင်း……..တိုကိုကြီး တကယ်ခံစားနေရတဲ့ ပုံပဲ
By: ပိုးဟပ်လေး on January 26, 2010
at 5:46 pm
အသိပျောက်တယ်ဆိုမှတော့ ကြွေလွင့်တာများမှာပေါ့။ ပျောက်တာများလေ လွင့်တာများလေပဲ။ နောက်ဆုံး ကိုယ်ရပ်နေတဲ့နေရာပါ ပျောက်သွားအုံးမယ်။ သတိထားပါအုံးသားလေးရေ
By:့ိ့ပိုးစီ on January 26, 2010
at 8:43 pm
ဏီ(န်)ကင်းရေ ပျောက်ချက်သားကောင်းနေလို့ ဘယ်လိုဖြစ်တာလဲ
ကဗျာတွေချည်းရေးနေတယ်။ အသည်းကွဲနေသလား။
By: အနမ်း on January 27, 2010
at 1:50 am
ဏီ(န်)ကင်း တခါ ရေးဖူးသလိုပဲ…လူပီသအောင် လွမ်းဖူး ခံစားဖူးပြီပေါ့…
By: မိုးပြာ on January 27, 2010
at 2:58 pm