တကယ်ဆိုခံစားတတ်တဲ့လူတွေပါပဲ။ပျော်သူတွေရွှင်မြူးသလို၊၀မ်းနည်းသူတွေငိုကြွေးနေတယ်။
သတိတရရှိတယ်တဲ့…။ငါကျေနပ်ပါတယ်။ပျင်းရိခြင်းအကြောင်းတွေကငါ့ကိုစာမရေးချင်အောင်ဖြစ်နေတယ်။
အခြားအကြောင်းအချို့ချို့လဲပါမယ်ပေါ့လေ။ရင်ထဲမှာဖြစ်တည်မှုတွေနဲ့..ကျရောက်ပေါက်ဖွားလာတဲ့စကားလုံးတိုင်းက
ငါ့အတွက်တန်ဖိုးကြီးအမှတ်တရတွေပါပဲ။ကဗျာဆိုတဲ့အတိုင်းအတာတွေကိုမသိပါဘူး။စည်းစနစ်နမူနာတွေကိုမတတ်ပါဘူး။
ရင်ထဲကဒီအတိုင်းရောက်ရောက်လာတဲ့အကြမ်းထည်ကိုဒီအတိုင်ငါချပြလိုက်ပါတယ်။ခံစားတတ်ပါစေ…..
အသည်းကွဲစွာဖြင့်…..
…………………………………………………………………………………….
“ကောင်မလေး..မင်းဟာ
ငါနှစ်ခြိုက်နေမိတဲ့
အစိမ်းရောင်အမှတ်အသားလေးတစ်ခု
ငါကျပျောက်သွားခဲ့တဲ့
ရိုးသားခြင်းပါးပါးလေးတစ်စောင်
ငါ့ရဲ့ရင်ခုန်သံနှုန်းကို
ခပ်ကြမ်းကြမ်းတင်လိုက်ချလိုက်လုပ်တတ်တဲ့လီဗာတစ်စင်း
အို..ဒီလိုနဲ့
ငါသတိရလိုက်ချိန်
အရာအားလုံးဟာ….ပန်းရောင်တွေနဲ့ချည်းပါလား”
ကိုယ့်အသည်းကိုဖြေးဖြေးလေးသာ (၃)
…………………………………………………………………………………….
…………………………………………………………………………………….
…………………………………………………………………………………….
…………………………………………………………………………………….
“မိုးရာသီစိုထိုင်းနေတဲ့နေ့ရက်တွေမှာ
ငါ့ရင်တွေအပူငွေ့ဟပ်တယ်
ရွာလဲငါ့ရင်မှာတယ်….မအေးချမ်းဘူးကွယ်
မယ်မင်းကြီးမလေးရယ်
မင်းတိတ်ဆိတ်နိုင်မှုကငါ့ကိုအိပ်မပျော်စေဘူးနော်
ငါ့ကိုဝန်ခံခွင့်လေးပေးပါလား
တဆိတ်လောက်မင့်အပြုံးလေးငါခိုးပါရစေ
ငါ့အိပ်ယာခေါင်းရင်းမှာ
အဖေ၊အမေမသိအောင်
ငါထားပြီးညတိုင်းနမ်းချင်လို့ပါကွယ်
အဘတို့ကသိပ်မသိဘူး…ရိုးတယ်ကွယ်
အရိုးဆုံးပြောရင်မင်းကိုတော့ချစ်တယ်”
ကိုယ့်အသည်းကိုဖြေးဖြေးလေးသာ (၃)
…………………………………………………………………………………….
…………………………………………………………………………………….
…………………………………………………………………………………….
…………………………………………………………………………………….
“ကောင်မလေး…
မင့်အတွက်တော့ငါ့ကြိုးစားမှုတွေဟာ
ဆောင်းတွင်းလေးတခုမှာနှင်းစက်၊နှင်းမှုန်လေးတွေ
မင့်ကိုယ်ပေါ်ခုန်ချသလောက်သာပေါ့
စိုထိုင်းသွားစေနိုင်ပေမယ့်၊စွန်းထင်းမှုတွေတော့မဖြစ်ပါဘူး
ဆောင်းဆိုတဲ့ကောင်က.မလိုချင်လို့ခါချလိုက်ပေမယ့်
ငါကတော့မင်းကို.ခဏတာလောက်ဖြစ်ဖြစ်
ခပ်ဖျော့ဖျော့လေး
တုန်လှုပ်အေးစက်သွားနိုင်မလားပဲ
ခဏတာလောက်.မင်းခေါင်းလေးမော့ပြီး
သတိထားမိအောင်.စွမ်းဆောင်နိုင်မလားပဲ
ဝန်ခံပါတယ်
ဘာဆိုဘာမှ.မဟုတ်ပါဘူးဆိုပေမယ့်
ငါဒါလေးတွေအတွက်ပဲ.
ပြင်ဆင်မှုတွေကိုငါလုပ်ထားမိတယ်
ရင်ဆိုင်မှုတွေကိုငါလေ့ကျင့်ထားမိတယ်
ပျော်ရွှင်မှုတွေကိုငါမျှော်လင့်ထားမိတယ်
တောင်းဆိုတာပါ
ငါ့ကိုအမုန်းမပေးပါနဲ့…..”
ကိုယ့်အသည်းကိုဖြေးဖြေးလေးသာ (၄)
…………………………………………………………………………………….
…………………………………………………………………………………….
…………………………………………………………………………………….
…………………………………………………………………………………….
“အော်…
ထိုနေ့ကလမ်းမပေါ်စိုစွတ်လိုက်ပုံများ….
ထိုနေ့ကငါ့ရင်မှာခြောက်သွေ့နိုင်လိုက်ပုံများ
ထိုနေ့ကကျောင်းကြီးရဲ့တိတ်ဆိတ်နေလိုက်ပုံများ
ထိုနေ့ကငါ့ရင်မှာဗလောင်ဆူနေလိုက်ပုံများ”
သို့ထက်ပို၍…
ထိုနေ့ကငါရင်ထဲပူလောင်လိုက်ပုံများ
ထိုနေ့ကသူမနှုတ်ခမ်းဖျားဓားသွားကထက်မြက်လိုက်ပုံများ
ထိုနေ့ကငါ့အတွက်သူရက်စက်လိုက်ပုံများ
ထိုနေ့ကငါကမ္ဘာတွေအထပ်ထပ်ပြိုလဲလိုက်ပုံများ
ထိုနေ့က……..”
ကိုယ့်အသည်းကိုဖြေးဖြေးလေးသာ (၄)
…………………………………………………………………………………….
…………………………………………………………………………………….
…………………………………………………………………………………….
…………………………………………………………………………………….
“ညက
ငါအိပ်မပျော်ပေမယ့်
နင့်အကြောင်းတွေစဉ်းစားမိလို့
အိပ်မက်ဆိုးကခဏခဏလန့်နိုးတယ်
မနက်ခင်းရယ်..ဒီကောင်မလေးကိုနဲနဲလေးဆုံးမပေးစမ်းပါ
သူ့လုပ်ရပ်က…
ဒီကောင့်ကိုအိပ်ရေးမ၀ဖြစ်စေတယ်”
ကိုယ့်အသည်းကိုဖြေးဖြေးလေးသာ (၅)
…………………………………………………………………………………….
…………………………………………………………………………………….
…………………………………………………………………………………….
…………………………………………………………………………………….
“တခါတလေတော့ဆိုတာတွေ
ငါ့သမိုင်းမှာရှိခဲ့ဖူးပါမယ်
သို့ပေမယ့်
နင့်ရေချိန်က
ငါ့အတွက်နဲနဲများလွန်သွားစေလား
ပြောခွင့်သာရမယ်ဆိုရင်…ငါ
နင့်ကိုမြတ်နိုးလွန်းပါတယ်လို့..
မကျဆုံးဖူးပါဘူး၊မကျဆုံးချင်ပါဘူး
အထူးသဖြင့်အချစ်နဲ့ယှဉ်လို့ပေါ့
မင်းရွေးချယ်မှုမှာ..မင်းအတွက်တော့တရားပါတယ်
ငါပါဝင်မှုမရှိနိုင်တာတော့ငါ့ညံ့ဖျင်းမှုပေါ့
ကောင်မလေးရေ
ငါ့အသည်းကိုဖြည်းဖြည်းလေးသာခွဲလိုက်ပါတော့ကွာ”
ကိုယ့်အသည်းကိုဖြေးဖြေးလေးသာ (၅)
…………………………………………………………………………………….
ဆားချက်လိုက်ပါကြောင်း…သူငယ်ချင်းများအားအကြောင်းကြားအပ်ပါတယ်။
လေးစားစွာဖြင့်
ဏီ(န်)ကင်း


အသည်းတွေ ကွဲရမယ်ဆိုလဲ ဖြည်းဖြည်းလေးပဲ ကွဲချင်ပါတယ်
By: အနော် on January 8, 2010
at 6:04 pm
အသဲကို ဖြေးဖြေးလေးကွဲ ပြီး မြန်မြန်လေး ပြန်ကောင်းချင်တယ်
By: မြစ်ကျိုးအင်း on January 8, 2010
at 7:33 pm
အသဲကွဲ ပုရပိုဒ် လား
By: မိုးခါး on January 9, 2010
at 12:23 am
By: မေဇင် on January 9, 2010
at 10:13 am
ှကဗျာလေးတွေကောင်းတယ်..။
အသည်းကွဲတာတွေကို မဖတ်ချင်တော့ဘူးကွာ
စကားလုံးလေးတွေကို ပိုကောင်းအောင်ရွေးချယ်သင့်တယ်။
ဆောင်းဆိုတဲ့ကောင်က.မလိုချင်လို့ခါချလိုက်ပေမယ့်
ငါကတော့မင်းကို.ခဏတာလောက်ဖြစ်ဖြစ်
ငါခါမချဘူးနော်..:P
By: ဆောင်းချမ်းမိုး on January 9, 2010
at 10:57 am
မိုက်တယ်
ဆက်ရေး
By: ဖိုးသင်္ကြန် on January 9, 2010
at 11:00 am
ဏီ(န်)ကင်း တစ်ယောက် အသည်းကွဲနေသလား။
ကဗျာအားလုံး အသည်းကွဲနေတာချည်းပါလား။ အသည်းကွဲမယ်ဆိုလည်း ဖြေးဖြေးလေးပေါ့။
အဆင်ပြေပျော်ရွှင်ပါစေ။
By: အနမ်း on January 10, 2010
at 12:31 pm
ကွဲကုန်ပြီ (အသည်း)
By: NweYoe on January 12, 2010
at 1:03 am