သံချေးတစ်ထပ် ရွှံ့တစ်ထပ်မို့
သူတို့ရဲ့စိတ်အတင်အချကို
မင်းဘယ်လိုမှဖတ်လို့ရမှာမဟုတ်ဘူး။
………………………………………………………………………………………………………………………………………………..
အာငွေ့မှုတ်သံတွေကြားမှာပဲ
ရယ်မောကာတစ်နွေလုံးပိတ်
ကိုယ်ယဉ်ကျေးမှုနဲ့ ကိုယ်အိပ်ပစ်လိုက်ကွယ်…
………………………………………………………………………………………………………………………………………………..
ချစ်သူရေ..
လောကမာယာဆိုတာ
အတီးခံရတဲ့ဗုံတွေရဲ့ဂီတပါပဲ။
စစ်တုရင်တစ်ပွဲလုံးကို
ဆွဲမှောက်ခံလိုက်ရပေမယ့်
ဘာဖြစ်လဲ
ဝမ်းမနည်းကြေး
တို့တွေရွာသွန်းကြရုံပေါ့
………………………………………………………………………………………………………………………………………………..
ယုံကြည်ထားစမ်း
ရေခိုးရေငွေ့ကလည်း
ပင်လယ်ကိုပစ်ပေါက်စိုက်ပျိုးနိုင်တယ်ဆိုတာ။
………………………………………………………………………………………………………………………………………………..
ဆရာတာရာမင်းဝေ(မိုးခေါင်လို့ တီးတဲ့ဗုံသံ)
ဆရာရယ်…ကျွန်တော့်ကိုခွန်အားတွေပေးသနားပါဗျာ….ဏီ(န်)ကင်း


တာရာမင်းဝေ ရဲ့ကဗျာလေးအတွက်ကျေးဇူးပါ
By: khayaynyo on January 4, 2010
at 12:27 pm
ချစ်သူရေ..
လောကမာယာဆိုတာ
အတီးခံရတဲ့ဗုံတွေရဲ့ဂီတပါပဲ။
စစ်တုရင်တစ်ပွဲလုံးကို
ဆွဲမှောက်ခံလိုက်ရပေမယ့်
ဘာဖြစ်လဲ
ဝမ်းမနည်းကြေး
တို့တွေရွာသွန်းကြရုံပေါ့
အမှန်ပါပဲ တို့တတွေ ၀မ်းနည်းစရာမလိုဘူး ဆက်ပြီး ရွာသွန်းနေရုံပေါ့ တချိန်ချိန်တော့ တွေကြမှာပါ
လေးစားလျက်
တောင်ပေါ်သား
By: တောင်ပေါ်သား on January 4, 2010
at 2:52 pm
ကဗျာလေးလာအးပေး၏
By: လုံမလေး on January 4, 2010
at 5:31 pm
တာရာမင်းဝေရဲ့ ကဗျာတွေ အားလုံးကို ကြိုက်တယ်။ သူ့ဝတ္ထုတွေဆို အကုန်လုံးလိုလို ဖတ်ဖူးတယ်။ အသစ်ထွက်တိုင်းစောင့်ဖတ်နေကြ။ ခုတော့ ……..
By: ငချမ်းကောင် on January 4, 2010
at 7:08 pm
တကယ်ကိုကောင်းတာပါ
ပြန်ရှာဖွေပေးတာ ကျေးဇူး ဏီန်ကင်းရေ့ ….
By: မြရေလျဉ် on January 13, 2010
at 4:48 pm
သိမ်းထားတာတွေ ရှိသေးရင် ထပ်တင်ပေးပါလား……သူ့ ၀ိဥာဏ် တချို့ အသင့် ကဗျာ တချို့မှာ အရိပ်ထင်လို့…
By: မိုးပြာ on January 27, 2010
at 3:11 pm
ဆရာရယ်…ကျွန်တော့်ကိုခွန်အားတွေပေးသနားပါဗျာ….ဏီ(န်)ကင်း
By: satpote on January 28, 2010
at 10:14 pm